Wednesday, January 6, 2016
F12 KyanSitThar Guided Missile Stealth Frigate
မြန်မာ့တပ်မတော် (ရေ) ရဲ့ မကြာသေးခင်ကမှ တပ်တော်ဝင်ထားတဲ့ စစ်ရေယာဉ် ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်…
မြန်မာ့ရေတပ်အနေနဲ့ ၂၀၀၉ခုနှစ်နှောင်းပိုင်းမှစတင်ကာ စစ်ရေယာဉ်အသစ်များ ဝယ်ယူခြင်း၊ ပြည်တွင်းတွင်ပင် တည်ဆောက်ခြင်းများ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွှက်ခဲ့ကြပါတယ်…။ ၅စီး၇ီးလို့ လူသိများတဲ့ ၅၅၁မှသည် ၅၇၀ အထိသော အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များ၊ ကိုယ်ပျောက်နည်းပညာသုံး ၄၉၁၊၄၉၂ အမြန်သွားတိုက်ခိုက်ရေးယာဉ်များ၊ ၇၇စီးရီးမှ ၇၇၃ကဲ့သို့သော ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ်များ၊ များပြားလှစွာသော ကမ်းထိုးရေယာဉ်များ၊ မြစ်တွင်းသွား OPV စစ်ရေယာဉ်များ ၊ ဆရာရှမ်းကဲ့သို့သော ပင်လယ်ပြင် ရေယာဉ်ပြင်ဆင်ရေးယာဉ်များ နဲ့အတူ ရေတပ်ရဲ့ ဂုဏ်ယူဖွယ်ရာ စစ်ရေယာဉ်ကြီးများဖြစ်တဲ့ F11 အောင်ဇေယျ ၊ F12 ကျန်စစ်သား ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ် နှင့် F14 ပင်လယ်ပြင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို ပိုင်ဆိုင်နိုင်လာခဲ့ပြီ ဖြစ်ပါတယ်….။
ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ်ကြီး 
 အဆိုပါ စစ်ရေယာဉ်များအနက် စိတ်ဝင်စားမှုအများဆုံးရထားတဲ့ ကျန်စစ်သားဖရီးဂိတ်ဟာဆိုရင် ရေတပ်ရဲ့ ပထမဆုံးသော ကိုယ်ပျောက်နည်းပညာသုံး ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်ကြီးဖြစ်ပြီးတော့ တပ်ဆင်ထားတဲ့ လက်နက်စနစ်များဟာလည်း အလွန်အဆင့်မြင့်တာကိုတွေ့ရပါတယ်….။ 
လက်နက်စနစ်အချို့ကိုဖော်ပြပေးပါ့မယ်…
ပင်မလက်နက်စနစ်…… ၇၆မမ အမြောက်
အခြားလက်နက်စနစ်များ…..
 အေကေ၆၃၀ မြန်နှုန်းမြင့်အမြောက် x ၃လက်
 Igla-S တာတိုလေကြောင်းရန် ကာကွယ်ရေးဒုံးစနစ်
C-802A သင်္ဘောဖျက် ဒုံး ၈ စင်း
ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဗုံးစနစ်များ
ရေငုပ်သင်္ဘောဖျက် ပေါက်ကွဲအားပြင်း ဗုံးများ
Flare စနစ်များ
အီလက်ထရောနစ် စနစ်များ
တာဝေးထောက်လှမ်းနိုင်သော ရေဒါစနစ်ကြီး
ပင်လယ်ပြင် ကင်းလှည့် မောင်းသူမဲ့ စပိဘုတ် ၁ စင်း
ရေတပ်သုံး စစ်ရဟတ်ယာဉ် ၁ စင်း နဲ့အတူ လျို့ဝှက်ထားသော စနစ်များ ပါဝင်ပါတယ်…။
၇၆မမ ဘက်စုံသုံး အမြောက်ဖြင့် လေ့ကျင့်ခြင်း
 C-802A x 4 ရေပြင်မှရေပြင်ပစ် ပဲ့ထိန်းဒုံးများ
 ရေငုပ်သင်္ဘောဖျက် ဗုံးများ ပစ်ခတ်ခြင်း
Flare ပစ်ခတ်ခြင်း
 မောင်းသူမဲ့ ရေယာဉ်ငယ် နဲ့ ပေါက်ကွဲအားပြင်း ရေငုပ်သင်္ဘောဖျက်ဗုံး
ယူရိုကော်ပတာ ရဟတ်ယာဉ်ဖြင့် လေ့ကျင့်ခြင်း
ကျန်စစ်သား စစ်ရေယာဉ်ရဲ့ ထူးခြားချက်ကတော့ ပထမဆုံးသော ကိုယ်ပျောက်ဖရီးဂိတ်ဖြစ်သကဲ့သို့ ပင်လယ်ပြင် ကင်းလှည့်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွှက်နိုင်ခြင်း၊ ရန်သူ့ရေငုပ်သင်္ဘောများ ရှာဖွေဖျက်ဆီးခြင်းစသည့် အစွမ်းများပိုင်ဆိုင်ထားတဲ့ အနောက်နိုင်ငံထုတ် ရဟတ်ယာဉ်တစ်စီး တင်ဆောင်ကာ တာဝန်ထမ်းဆောင်လာခြင်း ဖြစ်ပါတယ်….။ ရေတပ်အနေနဲ့ အရင်က အင်းစီးရီး ရေယာဉ်များအပေါ် အမ်အိုင်-၂ အပေါ့စားရဟတ်ယာဉ်များ တင်ဆောင်နိုင်ခဲ့သော်လည်း ယနေ့ခေတ်အနေနဲ့ အဆိုပါ ရဟတ်ယာဉ်များဟာ အဆင်မပြေမှုများရှိလာခဲ့ပါတယ်…။
အပိုင်း-၂ ဆက်ရန်
မရေးတာ အတော်ကြာသွားလို့ စာဖတ်ပရိတ်သတ်ကို တောင်းပန်ပါတယ်…။ စာပြန်ရေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်..
KoMM
17 comments:
  1. မျှော်နေတာကြာပြီ
    ကျေးဇူးတင်ပါတယ်
    ReplyDelete
  2. မျှော်နေတာကြာပြီ
    ကျေးဇူးတင်ပါတယ်
    ReplyDelete
  3. ​ကျေးဇူး ပါ ငယ်​ချင်​သိခွင့်​ရလို
    ReplyDelete
  4. ​ကျေးဇူး ပါ ငယ်​ချင်​သိခွင့်​ရလို
    ReplyDelete
  5. Floating dock ရဲ့ နာမည်က ဆရာ ရှမ်း လို့ ပဲ သိထားတာ ဆရာစံက နောက်တစ်စီးလား
    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ကျနော်အမှတ်မှားသွားလို့ပါ၊ ပြန်ပြုင်ထားပါပြီ ကျေးဇူးပါ :)
      Delete
  6. ဆက်ရေးပါ။ စိတ်ဝင်စားဖို.ကောင်းပါတယ်။ စောင့်ကြည့်နေပါတယ်။ တပ်ဆင်ထားတဲ့ လက်နက်စံနစ်တွေကတစ်ဆင့် နိုင်ငံရဲ.ကာကွယ်ရေးမူဝါဒ ချမှတ်တဲ့သူတွေရဲ. စစ်ရေးအမြင်နဲ. အရည်အသွေးတွေကို တိုင်းတာ အကဲဖြတ် လို.ရတာပေါ့။
    ReplyDelete
  7. Music Video ကို You Tube မှာတွေ့တယ် F 12 မှာ Rocket Depth Charge, Depth Charge နဲ့ Hull mounted sonar ပါ ပါတော့ ASW အတွက်က မဆိုးပါဘူး ASW Helicopter လေးပါ သုံးနိုင်ရင်တော့ Perfect ပေါ့ နောက် Defensive ပိုင်းကလဲ AK 630×3, Igla နဲ့ Flare တွေပါတော့ အတန်အသင့် စိတ်ချရပါတယ် Electronic Jammer ကောင်းကောင်းထားနိုင်ရင်တော့ ပိုကောင်းတာပေါ့ 2D ရေဒါများသာမက 3D ရေဒါများပါ တပ်ဆင်၍ Long Range SAM များပါအသုံးပြုထားသော Ageis Frigate မျိုးပါ တိုးတက်ပိုင်ဆိုင်ပါစေကြောင်း
    ReplyDelete
  8. F 14အ​ကြောင်း​လေးတင်​​ပေးပါလား ကိုMM
    သူ့အ​ကြောင်း သိပ်​မသိရလို့ပါ
    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ရေးပေးပါ့မယ်..ရေးဖို့လုပ်ထားပါတယ်..။
      Delete
  9. တော်တော်စောင့်လိုက်တယ်
    ReplyDelete
  10. အမြဲတမ်း မဟုတ်ပေမယ့် အချိန်ရတိုင်း ဖတ်ပါတယ်။ အမြဲတမ်းတော့ ၀င်ကြည့်ဖြစ်ပါတယ်။ အသစ်လေးတွေ့ရင် Bookmark လုပ်ထား အားပြန်ဖတ်ပေါ့။ တတ်နိုင်သမျှဘက်မလိုက်ဘဲ အားထုတ်ထားတာတွေ့ရလို့လည်း ကြိုက်ပါတယ်။ အခုလို အများသိနားလည်အောင် ရှင်းပြပေးတာလည်း ကျေးဇူးတင်ပါတယ်။ ဒီထက်လည်း ပိုပြီး တိုးတက်အောင်မြင်အောင် လုပ်နိုင်ပါစေ။
    ReplyDelete
  11. 76 mm main gun ကမသေးလွန်းဘူးလား?
    ReplyDelete
  12. ဒုတိယ ကမ္ဘာစစ် က ဂျာမနီက နဲ့ အင်္ဂလန် တို့ စစ်ဖြစ်တော့ ဂျာမနီ က ရေငုတ်သဘောင်္ ရာ ကျော်
    စစ် သဘောင်္ 800 ကျော် လေယဉ် ပေါင်းမြောက်များစွာ နဲ့ကို စွာခဲ့ တယ် ။
    ((((((( ဘယ်တော့မှ စစ်လက်နက် အင်အားနဲ့ ပက်သက်ရင် ဘယ်တော့မှ မရောင့်ရဲ ကြနဲ့ ))))))
    ReplyDelete
  13. What Depth charge model is used by Myanmar Navy? Pardon me for commenting in English,i haven't installed unicode.
    ReplyDelete
  14. Zawgyi font ပါတွဲတင်ပေးပါ
    ReplyDelete